စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ




အကောင်းဆုံးရလာဒ်ကို စိတ်ကူးပုံဖော်ကြည့်ပါ။ နောက်ပြီး အဆိုးဆုံး ရလာဒ်ကို စိတ်ကူးပုံဖော်ကြည့်ပါ။ ဤသို့ လေ့ကျင့်ခြင်းအားဖြင့် သင့်စိတ်ထဲမှာ မြုပ်နေသည့် ကြောက်စိတ်များ ဘူးပေါ်သလို ပေါ်လာနိုင်၏။ သို့ဖြစ်သည့်အတွက် ထွက်ပေါ်လာသော ရလာဒ်သည် ကိုယ်မှန်းထားသလို ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လက်ခံနိုင်စွမ်းရှိလာစေ၏။



သင့်လိုလားချက်ကို သတိထားပါ။ ထွက်ပေါ်လာသည့် ရလာဒ်ကို အသိအမှတ်ပြုပါ။



လောကတွင် အခဲယဉ်းဆုံးသင်ခန်းစာမှာ သင့်ဆောင်ရွက်မှုကြောင့် ထွက်ပေါ်လာမည့် ရလာဒ်ကို ဥပေက္ခာပြုထားနိုင်အောင် လေ့ကျင့်ခြင်းပင် ဖြစ်ပေမည်။   (ဂျိုအန်ဘော်ရီစင်ကို)



သင်သည် ယခုအချိန်၊ ယခုနေရာ၌ ရရှိထားသောအရာနှင့် သင်မျှော်လင့် တောင့်တသည့်အရာကို နှိုင်းယှဉ်ကြည့်မနေတော့ဘူးဆိုသည်နှင့် သင့်လက်ထဲကအရာကို သင် စတင်ကြည်နူးခံစားလို့ရလာမည်ဖြစ်၏။   (ချယ်ရီ ဟူဘာ)



လက်ရှိပစ္စုပ္ပာန်တွင် အာရုံတည်ပြီး အောင်အောင်မြင်မြင် နေထိုင်လိုလျှင် ကျွန်ုတို့ သင်ကြားဆည်းပူးရမည့် သင်ခန်းစာများရှိ၏။ ၎င်းတို့မှာ ကျေးဇူးတရား၊ သံယောဇဉ်ပြတ်ခြင်း၊ အလျှံပါယ်ပေါကြွယ်ဝခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ဖြစ်ပါသည်။



သင်၏ထိုနေရာသည် ဤနေရာဖြစ်လာသောအခါ သင့်အမြင်တွင် လက်ရှိ ဤနေရာထက် ပိုသာသည်ဟု ထင်ရသော ထိုနေရာတခုကို ရလိုက်ခြင်းသာဖြစ်၏။



တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရမည်၊ စင်းလုံးချော ကောင်းမွန်ရေးအတွက် အကြိမ်ကြိမ်အဖန်ဖန် ပြုပြင်ပြောင်းလဲရမည်။   (ဝင်စတန် ချာချီ)



သင် တောင်ထိပ်သို့ ရောက်သောအခါတွင်မှ အထက်သို့ တက်လှမ်းခြင်းကို စတင်ပါလေ။   (ခါလီလ် ဂျီဘရန်း)



ကျွန်ုတို့၏ အကြီးမားဆုံးပျော့ညံ့ချက်သည် လက်မြှောက်အရှုံးပေးသည့် လုပ်ရပ်ထဲမှာ တည်နေ၏။ အောင်မြင်ဖို့ အသေချာဆုံးနည်းလမ်းမှာ ဘယ်တော့မဆို နောက်တကြိမ်ကြိုးစားကြည့်ခြင်း ဖြစ်သည်။   (သောမတ် အယ်ဒီဆင်)



ဆက်လက်ဖတ်ရှုရန် >>


No comments:

Post a Comment